Ads

Featured Games

မ-အင်္ဂါကို မလုပ်သင့်တဲ့အရာများ

မ-အင်္ဂါကို မလုပ်သင့်တဲ့အရာများ ----------------------

(ကျန်းမာရေးအတွက်အရေးကြီးပါသည်)
အကယ်၍များ ပျိုမေတိုရဲ့ မ,မျိုးပွားအင်္ဂါဟာ စကားပြောတတ်မယ်ဆိုရင်ရင် အောက်ပါအချက်တွေကို မလုပ်ပါနဲ့လို့ တား
မြစ်မှာ အမှန်ဖြစ်ပါတယ်။ ဒါကြောင့် auntymay ရဲ့ အမျိုးသမီးပရိသတ်ကြီးကို ကျန်းမာသက်ရှည်စေဖို့ ရည်ရွယ်ပြီး မ-
အင်္ဂါကို မလုပ်သင့်တဲ့အရာတွေအကြောင်းကို မျှဝေလိုက်ပါတယ်။
(၁) ဆပ်ပြာ/ရေမွှေးမထည့်ရ
အချို့သော လုံမငယ်တွေဟာ အနံ့အသက်သက်သာလို သက်သာငြား ဆပ်ပြာနဲ့အတွင်းကို ပွတ်နှိုက်ဆေးကြောတာမျိုး
ရှိပါတယ်။ ဒါဟာ မျိုးပွားအင်္ဂါနံရံတွေကို ရောဂါဆိုးတွေဖြစ်စေနိုင်ပါတယ်။ ဆပ်ပြာမှာ အက်စစ်ဓာတ်အပျော့စား ပါဝင်
တတ်ပါတယ်။ တစ်ခါတလေမှာတော့ ပမာဏမမျှော်မှန်းထားခြင်းမပြုနိုင်တဲ့ ဓာတုဗေဒဆေးတွေ ပါဝင်တတ်ပါတယ်။ ဒါ့
အပြင် အချို့သော အမျိုးသမီးတွေဟာ အပြင်ကို ထွက်ခါနီးလိုအချိန်မျိုးမှာ ရေမွှေးဖြန်းတာမျိုးအထိ လုပ်တတ်ပါတယ်။
လုံးဝ မလုပ်သင့်တဲ့ အရာတွေ ဖြစ်ပါတယ်။
(၂) စက်သုံးဆီ/ချောဆီမထည့်ရ
လိင်ကိစ္စ လွယ်ကူစေရန်ပဲဖြစ်ဖြစ်၊ ယောနိမှာ အခြားရောဂါတစ်ခုခုကို ကုသလို၍ပဲဖြစ်ဖြစ် စက်သုံးဆီ(တစ်ခါတလေ အ
နာစသည် ပျောက်လိုပျောက်ညား တာပင်တိုင်ဆီကို ထည့်တတ်သေးသည်။) ချောဆီ မထည့်သင့်ပါ။ ယောနိကျန်းမာရေး
ကို ဆိုးဝါးစေတဲ့ ဓာတ်တွေ ပါဝင်ပါတယ်။
(၃) (သန့်ရှင်းရေး)ရေပြွတ်မသုံးရ
ယခင်ကလည်း ဒီအကြောင်းကို ရေးဖူးပါတယ်။ ယောနိကို သန့်ရှင်းရေးလုပ်ချင်တယ်ဆိုရင် ပိုးသတ်ထားတဲ့ အ၀တ်သန့်
သန့်နဲ့ pH အဆင့်မီတဲ့ ရေကို ရေကျက်အေးသဘောမျိုး ပြုလုပ်ပြီး ယောနိကို သန့်စင်ခြင်းဟာ အမှန်ကန်ဆုံးဖြစ်ပါ
တယ်။ အခြားနည်းဖြင့်ဆိုရင် အန္တရာယ်ရှိပါတယ်။
(၄) အနံ့အသက်ကို ပျောက်ဆေးတဲ့ ဆေးဝါးတွေရဲ့အန္တရာယ်
အခုခေတ်မှာ အနံအသက်ကို ပျောက်ဆေးတဲ့ ဆေးဝါးတွေ သုံးလာတာမျိုး မကြာခဏ တွေ့ရပါတယ်။ ဘယ်သူမှ ဒီနေရာ
မှာ နှင်းဆီနံ့၊ စံပယ်ပန်းနံ့တွေ ထွက်စေဖို့ မစွမ်းဆောင်နိုင်ပါဘူး။ သဘာဝက သဘာဝဖြစ်ပါတယ်။ အဲဒီအနံ့အသက်
ပျောက်ဆေးတွေဟာ ကင်ဆာအစရှိတဲ့ ရောဂါတွေကို ဖြစ်စေပါတယ်။ အရမ်းကြီး မခံရပ်နိုင်အောင် အနံအသက်ဆိုးဝါး
နေရင်တော့ o.g နဲ့ပြသင့်ပြီးပါတယ်။
(၅) ကျောက်မျက်များချိတ်ဆွဲခြင်း/ထည့်ခြင်း မပြုရ
အချို့သောအမျိုးသမီးတွေဟာ မအင်္ဂါမှာ ကျောက်မျက်များ/ အခြားအလှဆင် ဖန်ဆီပစ္စည်းများကို ဖက်ရှင်သဘောတရား
အရ တပ်ဆင်တာမျိုး ရှိပါတယ်။ အလွန်အန္တရာယ်များတဲ့ အရာဖြစ်ပါတယ်။ အထူးရှောင်ကြဉ်ဖို့ လိုပါတယ်။
(၆) အတွင်းခံအ၀တ်အစားကို ဂရုစိုက်ပါ
အတွင်းခံအ၀တ်အစားကို အမြဲတမ်း သန့်ပြန့်ဖို့လိုအပ်ပါတယ်။ နေ့စဉ် ရေနွေးစသည်ဖြင့် ပြုတ်ပြီး လျှော်တာမျိုး ပြုလုပ်
သင့်ပါတယ်။ ဒါ့အပြင် ဂွမ်းထုတ်ကဲ့သို့သော အရာများကို အရမ်းကာရော သုံးစွဲတာမျိုး ရှောင်ကြဉ်ပါ။ သေချာစိစစ်ပြီးမှ သုံးစွဲပါ။ အနံပါသော သန့်ရှင်းရေးစက္ကူများကို ရှောင်ပါ။
မဒီလေး (auntymay)
မ-အင်္ဂါကို မလုပ်သင့်တဲ့အရာများ မ-အင်္ဂါကို မလုပ်သင့်တဲ့အရာများ Reviewed by ဆရာကြီး on May 09, 2018 Rating: 5

No comments:

Recent Posts (Do not edit)

Powered by Blogger.