Ads

Featured Games

ရမ္မက်ကြွေး - ၁

ရမ္မက်ကြွေး - ၁ (CooCo @ အချစ်တက္ကသိုလ် - ဆင်ခြင်အသိဖြင့်ဖတ်ပါ ကဏ္ဍ)


"အချစ်ရေ.. ကိုယ်ပြန်လာပြီ.."
ဇေယျာထွန်း တံခါးကို ဖွင့်၍ အခန်းထဲ အ၀င်တွင် မြူးကြွကြွ လှမ်းအော်လိုက်သည်။ ဇနီးချောလေးသည် နောက်ဘေးဘက်တွင် ရှိနေပေလိမ့်မည်။ ဇေယျာထွန်းက နာမည်ကြီး သတင်းစာတိုက်ကြီးတစ်ခုမှ သတင်းထောက်တစ်ယောက်ဖြစ်သလို ဇနီးဖြစ်သူ ယမုံကလည်း ရုပ်သံချန်နယ်တစ်ခုမှ ပရန်စန်တာမလေး တစ်ယောက်ဖြစ်သည်။ ပွဲတစ်ခုတွင် အတူတူ သတင်းယူကြရာမှ ဆုံခဲ့မိကြပြီး ချစ်ခြင်းတူ၍ သံယောဇဉ်နှောင်ရာမှ တစ်ဆင့် ဘ၀တစ်ခုကို အတူတူလက်တွဲဖြတ်သန်းရန် ဆုံးဖြတ်ခဲ့ကြသူတွေ။ နှစ်ယောက်ပေါင်း လစာငွေလေးများဖြင့် ကြည့်မြင်တိုင်မြို့နယ်ထဲတွင် တိုက်ခန်းလေးတစ်ခန်း ငှားရမ်းနေထိုင်ခဲ့ကြသည်။ ဇေယျာထွန်းက အကြီးတန်းသတင်းထောက်တစ်ယောက်ဖြစ်၍ မကြာခဏ ခရီးထွက်ရလေ့ရှိသည်။ ယမုံကတော့ ရန်ကုန်တစ်ဝိုက်တွင်သာ သတင်းယူရသူ။
ညားခါစတုန်းကတော့ ဇေယျာထွန်း ခရီးထွက်ရတတ်သည်ကို ယမုံက သဘောမကျ။ တစ်ယောက်တည်း လွမ်းပြီး ကျန်နေရသည့် ခံစားမူကို မနှစ်သက်။ ကြာလာတော့လည်း အဆင်ပြေလာသလို ယောက်ကျား ခရီးထွက်သည်ကိုပင် သဘောကျလာတတ်သည်။ ကိုယ့်ယောက်ကျားကိုယ် လွမ်းရသည့် ဖီလင်သည် ရူးမိုက်စကာလ အပျံသင်ဘ၀က ငယ်ချစ်ဦးကို လွမ်းရတာနှင့် လားလားမျှမဆိုင်ချေ။ မနက်အိပ်ယာနိုး၍ ဘေးမှာ ကားယားကြီး မရှိသည့် လင်တော်မောင်နေရာ ကွက်လပ်ကို မြင်ရတာကစ၍ ဈေးသွားသည့်အခါ ခြင်းတောင်းလေးသည်က အလယ်၊ ညဘက် တိုးဝင်စရာ ရင်ခွင်မရှိသည်ကအဆုံး အရာရာသည် လွမ်းစရာတွေချည်း ။ ယောက်ကျားပြန်လာ၍ ဆုံမိကြသည့်အခါ တစ်ဦးရင်ခွင်ထဲ တစ်ဦး တိုးဝင်ရင်း ကျစ်ကျစ်ပါအောင်ဖက်၍ သူ့ရင်ခုန်သံကို နားထောင်နေရရုံဖြင့် လွမ်းခဲ့ရသမျှသည် မျက်ရည်စအဖြစ် ပျော်ဆင်းသွားတတ်မြဲ။
စိတ်ပါလာ၍ ကုတင်ပေါ်ရောက်ပြီး အချစ်ပွဲနွှဲကြသည့်အခါ အခါတိုင်းထက် ပို၍ စိတ်လှုပ်ရှား ပြင်းထန်နေရသည်ကိုလည်း ကြိုက်သည်။ ယောက်ကျားကလည်း ငတ်လာခဲ့သမျှ ကြမ်းကြမ်းရမ်းရမ်း ၊ ယမုံကလည်း လွမ်းသမျှကို အတိုးချ၍ မီးကုန်ယမ်းကုန်။ ယခုလည်း ဇေယျာထွန်း ခရီးဝေးက ပြန်လာခဲ့ပြီ။ ယမုံသည် နောက်ဘေး ရေချိုးခန်းထဲမှ ထွက်လာသည်။ ထမီရင်လျားလေးနှင့် ယမုံ့ ခန္ဒာကိုယ် အပေါ်ပိုင်းလေးသည် ၀င်းမွတ်ဖြူစင် နုဖွေးနေ၏။
ဇေယျာထွန်း ကျောပိုးအိတ်ကို ပစ်ချလိုက်ကာ ယမုံ့ကိုယ်လေးကို ပြေး ပွေ့ဖက်ပစ်လိုက်သည်။ ယမုံသည် "အင့်" ကနဲ မြည်အောင် အသက်ရှုကျပ်သွားသော်လည်း သည်အရသာကို မက်မောသည်။ သူ့ရင်ခွင်ကြီးထဲတွင် ခေါင်းထိုးဝင်ကာ ကျောပြင်ကြီးကို မမီမကမ်း ပြန်လည်ဖက်တွယ်ရင်း မကြာသေးခင်က အဖြစ်အပျက်များကို မြင်ယောင်လာသည်။ " ဟင့်အင်း.. မဟုတ်ဘူး.. ကိုကို့အပေါ် သစ္စာမဲခဲ့တာ မဟုတ်ဘူး ၊ သမီး အနိုင်ကျင့်ခံရတာ၊ ကိုကို သိလား.. သူ သမီးကို အနိုင်ကျင့်တယ် ၊ ကိုကိုသိရင် သမီးကို ဆူမှာလား ၊ စိတ်ဆိုးပြီး ကွာရှင်းမှာလား ၊ သမီးကြောက်တယ် ၊ ကိုကို သမီးကို ခွဲမသွားပါနဲ့နော်.. နော်.."
စကားလုံးများသည် ယမုံရင်တွင်းမှာသာ ပဲ့တင်ထပ်နေကာ နှုတ်ခမ်းဝဆီသို့ ရောက်မလာခဲ့။ လည်ချောင်းဝတွင် တစ်ဆို့နေသော ခံစားချက်သည် ယမုံ့မျက်ဝန်းများကို စိုစွတ်လာစေသည်။ ဇေယျာထွန်းသည် တစ်လိမ့်လိမ့် စီးကျလာသည့် ယမုံ့ ပါးပြင်ပေါ်က မျက်ရည်စများကို သုတ်ဖယ်ပေးရင်း..
" ငိုပြန်ပြီ.. ဒီ ကလေးမကတော့.. တိတ်တော့နော်.. ခု ကိုကို ပြန်ရောက်လာပြီပဲ.."
ချော့သူက ချော့သည့်အခါကျမှ ၀မ်းနည်းတတ်သူသည် အသံထွက်၍ပင် ငိုမိတော့သည်။ ယောက်ျားဖြစ်သူ ဘာမှ မသိသေး ။ သူ့ ဇနီးသည်ကို ဖြူစင်နေသူဟု ထင်မှတ်နေဆဲ။ ယမုံသည် အခံရခက်လွန်းစွာ သည်းသည်းမည်းမည်း ငိုသည်။ ဇေယျာထွန်း မျက်မှောင်ကြုံ့သွားသည်။ ယမုံ တစ်ခုခုတော့ ဖြစ်နေချေပြီ။ လူရည်လည်ပါးနပ်ရာတွင် နာမည်ကျော်သည့် သတင်းထောက်ဖြစ်၍ ရင်းနှီးလွန်းသည့် ဇနီးသည်၏ အနေအထားသည် ပုံမှန်မဟုတ်ဆိုသည်ကို ချက်ချင်း ရိပ်မိသွားသည်။
"ကလေးလေး.. ဘာဖြစ်တာလဲ.. ဘာဖြစ်ခဲ့လို့လဲ.. ကိုယ့်ကို ပြောပြလေ.. "
ယမုံ ခေါင်းခါသည်။ ဇေယျာထွန်း စိတ်ကို ဆွဲဆန့်ရင်း ချော့မော့မေးသည်။
"ပြောပြပါ.. ကလေး ဘာဖြစ်တာလဲ၊ တစ်ခုခုတော့ ဖြစ်နေတယ် ၊ ကိုယ် သိချင်တယ်"
"ကိုကို စိတ်ဆိုးမှာ.."
"ကိုကို စိတ်ဆိုးမယ့် ကိစ္စ.. ကလေး လုပ်မိတယ်ပေါ့.."
"မဟုတ်ဘူး.. သမီး လုပ်တာ မဟုတ်ဘူး ၊ သမီး ငြင်းပါတယ်.. ဒါပေမယ့်.. "
ပြောနေရင်း တန်းလန်း ယမုံ သူ့စကားကိုသူ ပြန်သတိထားမိကာ ချက်ချင်း ရပ်သွားသည်။ ယောက်ကျားဖြစ်သူ၏ မျက်နှာကို မော်ကြည့်တော့.. ချစ်လင်၏ မျက်လုံးများ နီရဲစ ပြုလာကြောင်း သတိထားမိသည်။ သွားပြီ ။ သူ့ ယောက်ကျား သတင်းထောက်သည် ချက်ဆို နားခွက်က မီးတောက်သူ ။ ယမုံ ဘာဖြစ်ခဲ့သည်ကို သူ ရိပ်မိသွားပြီ။
" ဘယ်သူလဲ.. ဘယ်ကကောင်လဲ.. ဘယ်လိုဖြစ်တာလဲ.. ကိုယ့်ကို ပြောပြ.."
မေးခွန်းများ မေးရင်း မျက်ရည်စများ စီးကျလာသော ယောက်ကျား၏ မျက်နှာကို လက်ဖ၀ါးလေးဖြင့် ဖွဖွ ငြင်သာ သုတ်ဖယ်ပေးကာ ယမုံ ချော့သည်။
" ကိုကို .. စိတ်ထိန်းနော်.. သမီး ကိုကို့ကိုပဲ ချစ်တယ်ဆိုတာ ကိုကို အသိပါ ၊ သမီး ကိုကို့အပေါ် သစ္စာ မဖောက်ဘူး ၊ ယမုံ မတတ်နိုင်လို့ ဖြစ်သွားခဲ့ရတာ ၊ ကိုကို နားလည်လားဟင် ၊ ယမုံ့ကို စိတ်မဆိုးနဲ့နော်"
" စိတ်မဆိုးပါဘူး ၊ ယမုံ့ကို စိတ်မဆိုးဘူး ။ ကိုယ်သိချင်တာက ဘယ်သူလဲ .. ဘယ်လိုဖြစ်တာလဲ၊ ခုပြော ၊ အဲ့ဒါ ကိုကို သိချင်တယ်"
ယမုံ သက်ပြင်းလေးချ၍ ယောက်ကျားဖြစ်သူ၏ လက်ကို ဆွဲကာ အိမ်ရှေ့ခန်းကို ခေါ်လာခဲ့သည်။ ပလက်စတစ် ဆက်တီခုံတွင် ၀င်ထိုင်ကြရင်း ဧည့်ခန်းကြမ်းပြင်တစ်နေရာကို ငေးကြည့်လိုက်မိသည်။ ဟုတ်သည်။ အဖြစ်အပျက်များသည် လွန်ခဲ့သည့် ငါးရက်က ထိုကြမ်းပြင်ပေါ်တွင် စတင်ခဲ့သည်ဟု ဆိုနိုင်သည်။
ဆက်ရန်
ရမ္မက်ကြွေး - ၁ ရမ္မက်ကြွေး - ၁ Reviewed by ဆရာကြီး on June 01, 2018 Rating: 5

No comments:

Recent Posts (Do not edit)

Powered by Blogger.